တူနီးရှားနိုင်ငံတောင်ပိုင်းတွင် ရထားနှစ်စင်း မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွား

ကျူးနစ် မတ် ၂၂

 

တူနီးရှားနိုင်ငံတောင်ပိုင်းတွင် မတ် ၂၁ ရက်က ရထားနှစ်စင်းမျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၇၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူနီးရှားကာကွယ်ရေးဌာနက ပြောကြားသည်။

 

တူနီးရှားနိုင်ငံ ဂျယ်ဘယ်အယ်လ် ဂျလော့စ်ဒေသ ဘာစီလိုနာဘူတာရုံရှိ သံလမ်းတွင် ခုတ်မောင်းနေသည့် အဝေးပြေး မီးရထားတစ်စင်းက အဆိုပါ သံလမ်းတွင်ပင် ခုတ်မောင်းနေသည့် မီးရထားတစ်စင်းအား မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားကြောင်း ကျူးနစ်မြို့ စောင့်ရှောက်ရေးဌာနမှ ခေတ္တညွှန်ကြားရေးမှူး ဆမာကွာလေတီက ပြောကြားသည်။

 

အဆိုပါဖြစ်စဉ်တွင်ဒဏ်ရာရရှိခဲ့သော သူများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- စိုးသူရ