တူရကီ၌ ညမထွက်ရအမိန့် နှစ်ရက်ထပ်မံတိုးမြှင့်

mdn

၁၅ ဧပြီ

 

အစ္စတန်ဘူလ် ဧပြီ ၁၄ တူရကီနိုင်ငံသမ္မတ အာဒိုဂန်သည် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဟန့်တားရန် ညမထွက်ရအမိန့်တစ်ရပ်ကို နှစ်ရက်ထပ်မံတိုးမြှင့်ခဲ့ကြောင်း ဧပြီ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့ပြီး အဆိုပါ ညမထွက်ရအမိန့်သည် ဧပြီ ၁၇ ရက်တွင် စတင်မည်ဖြစ်သည်။

 

ယခုကြေညာချက်အရ အသွားအလောကန့်သတ်မှုကို ဧပြီ ၁၇ ရက်ညသန်းခေါင်ချိန်တွင် စတင်မည်ဖြစ်ပြီး ဧပြီ ၁၉ ရက်ညသန်းခေါင်အချိန်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း တယ်လီဖုန်း ကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်သည့် ဝန်ကြီးများအဆင့်အစည်းအဝေးတစ်ရပ်သို့ တက်ရောက် ခဲ့ပြီးနောက် သမ္မတ အာဒိုဂန်က ပြောကြားခဲ့သည်။

 

ဒီလိုတားမြစ်ပိတ်ပင်မှုတွေကို လိုအပ်ရင်လိုအပ်သလို ဆက်လက်ဆောင်ရွက်သွား ဖို့လည်း ဆုံးဖြတ်ထားပါ တယ်ဟု သမ္မတ အာဒိုဂန်က ဆက်လက်ပြောကြားသည်။ ပြီးခဲ့သည့် အပတ်ကထုတ်ပြန်ခဲ့သည့်တူရကီနိုင်ငံ၏ ညမထွက်ရအမိန့်မှာ အစ်ဇ်မီယာပြည်နယ်အနောက်ပိုင်း၊ အစ္စတန်ဘူလ်နှင့် မြို့တော်အန်ကာရာတို့ အပါအဝင် ပြည်နယ် ၃၁ ခုတို့အတွက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

အစ္စတန်ဘူလ်နှင့် နယ်မြေချင်းထိစပ်လျက်ရှိသည့် ဟာဒင်ကွိုင်ဒေသနှင့် ကိုကာအီလီ ပြည်နယ် ဒီရင့်စ်ခရိုင်တို့တွင် စုစုပေါင်း ခုတင် ၃၅ဝ ဆံ့ ဆေးရုံနှစ်ခုကိုလည်း တည်ဆောက်လျက် ရှိကြောင်း တူရကီ သမ္မတအာဒိုဂန်က မှတ်ချက်ပြုပြောကြားခဲ့သည်။

 

တူရကီနိုင်ငံသည် ဧပြီ ၁၃ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၁၀၄၉ ဦးနှင့် သေဆုံးသူ ၁၂၉၆ ဦးရှိကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက် အလက်များအရ သိရသည်။

 

ကိုးကား-ဆင်ဟွာ ဘာသာပြန်-အလင်းသစ်