UK အထက်လွှတ်တော်အမတ်အနေဖြင့် မူဝါဒအထောက်အကူပေးခြင်း လုပ်ငန်း အစီအစဉ်များနှင့် စပ်လျဉ်းပြီး ဆွေးနွေး

နေပြည်တော် ၁၅ ဖေဖော်ဝါရီ
 
 
ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဦးအောင်ထွန်းခိုင် သည် Westminster Foundation For Democracy (WFD) မှ UK အထက်လွှတ်တော်အမတ်   Mr.Lord MalcolmBruce အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။
 
 
ထိုသို့တွေ့ဆုံရာတွင် WFDမှ UK အထက်လွှတ်တော်အမတ်အနေဖြင့် အတွေ့ အကြုံများမျှဝေခြင်းနှင့်အကြံဉာဏ်များပေးခြင်း၊  မူဝါဒအထောက်အကူပေးခြင်း လုပ်ငန်း အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
 
 
(သတင်းစဉ်)