ဥရောပသမဂ္ဂ၏ ကာကွယ်ဆေးဆိုင်ရာ အချက်အလက်များကို ဟက်ကာများ ခိုးယူ

၁၀ ဒီဇင်ဘာ

ဉရောပသမဂ္ဂ၏ ကာကွယ်ဆေးထိန်းချုပ်ရေးအဖွဲ့မှ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ အချက်အလက်များကို ကွန်ပျူတာ ဟက်ကာများမှ တရားမဝင် ခိုးယူရန် ကြိုးပမ်းခဲ့ကြောင်း အမေရိကန် ဆေးဝါးကုမ္ပဏီကြီးဖြစ်သည့် Pfizer နှင့် ဂျာမနီနိုင်ငံမှ BioNTech တို့က ပြောကြားခဲ့သည်။

အမ်စတာဒမ်မြို့တော်အခြေစိုက် ဉရောပ ဆေးဝါးအေဂျင်စီက ၎င်း၏ တရားဝင်ဝက်ဆိုဒ်၌ ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရကြောင်း ဒီဇင်ဘာလ ၈ရက်နေ့က ဖော်ပြခဲ့သည်။

Pfizerနှင့် BioNTech ကုမ္ပဏီတို့မှ ဆိုက်ဘာတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး သတိပေးခံခဲ့ရကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

၎င်းတို့၏ လုံခြုံမှုစနစ်များ ချိုးဖောက်ခြင်းမရှိသေးကြောင်း တရားဝင် ကိုယ်ရေးအချက်အလက်များကို ထိခိုက်အောင် တိုက်ခိုက်မှု မဖြစ်သေးကြောင်း အဆိုပါ ကုမ္ပဏီက ပြောကြားခဲ့သည်။

၎င်းတို့၏ ကုမ္ပဏီအနေဖြင့် စုံစမ်းစစ်ဆေးရန်အတွက် သတင်းအချက်အလက်များကို စုဆောင်းလျက်ရှိကြောင်းနှင့် အီးယူဉပဒေနှင့်အညီ တုံ့ပြန်မည်ဖြစ်ကြောင်း ကုမ္ပဏီက  ထပ်မံပြောကြားခဲ့သည်။

ယခုနှစ်အကုန်တွင် EMA သည် Pfizer-BioNTech ကာကွယ်ဆေးကို အတည်ပြုရန် လုပ်ဆောင်လျက်ရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်