ဦးဇာနည်မင်း (ရွှေကူမဲဆန္ဒနယ်) ရဲ့ သမ္မတ ဦးဝင်းမြင့်အပေါ်အမြင်သဘောထား

နေပြည်တော် ၂၈ မတ်

 

နှောင့်နှေးနေတဲ့ အုပ်ချုပ်ရေးယန္တရားကို ပိုပြီး သွက်သွက်လက်လက်ဖြစ်ပြီး ထိန်းကျောင်းမောင်းနှင်နိုင်အောင် အပြောင်းအလဲတစ်ခု လုပ်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ သမ္မတအသစ် လက်ထက်မှာ အစိုးရအဖွဲ့အတွင်းမှာရော အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ ခု သမ္မတကြီးဖြစ်လာတဲ့ သူက အရင်က လွှတ်တော်ဥက္ကဋ္ဌကြီးဟာ လွှတ်တော်မှာ ၂ နှစ်ကျော်ကြာ ဝန်ကြီးဌာနတွေက ဝန်ကြီးတွေ ဖြေသွားတဲ့ စကားတွေ၊ အကြောင်းအရာတွေ       သဘော သဘာဝတွေကို ထိုင် နားထောင်နေတော့ ဒါတွေကို သူသိသွားပြီပေါ့နော်။ သိသွားတဲ့အတွက် ဒါတွေကို သူဘယ်လိုကိုင်တွယ် ရမယ်ဆိုတာ သိမယ်။ ဒါတွေနဲ့ပတ်သက်ပြီး နှောင့်နှေးနေတဲ့အရာတွေကိုလည်း သူ့အနေနဲ့ အပြောင်းအလဲတွေလုပ်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ 

 

သမ္မတအသစ်တက်လာပြီးနောက်ပိုင်း ဘယ်လိုအပိုင်းတွေမှာ ထူးခြားတဲ့ အပြောင်းအလဲဖြစ်လာနိုင်လဲဆိုတော့ အဆုံးအဖြတ်ပေးနိုင်တဲ့သူတွေဖြစ်တဲ့ ဝန်ကြီးအပိုင်းတွေဖြစ်လာနိုင်သလို ဝန်ကြီးဌာနတွေမှာ အထူးတာဝန်ယူထားတဲ့ အပိုင်းတွေမှာ အပြောင်းအလဲတွေဖြစ်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ထင်ပါတယ်။

 

တွေ့ဆုံမေးမြန်း- အေးနှင်းညို၊ ဖြိုးစန္ဒာမြင့်၊ မျိုးထက်ဦးနှင့် ဇော်သူအောင် (Myanmar Digital News)