Valentine Music Festival 2018 မှာ တေးစီးရီးခွေ (၆) ခွေကို တစ်ပြိုင်တည်း ဖြန့်ချိမည့် Myanmar Music Net

ရန်ကုန် ၈ ဖေဖော်ဝါရီ

 

နှစ်သစ်အတွက် MMN Music Net ထွက်ရှိလာမည့် အဆိုတော်များစွာ ပါဝင်သော တေးစီးရီးများကို ဖေဖော်ဝါရီလ (၁၄) ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာပလာဇာတွင် အမှတ်တရ လက်မှတ်ရေးထိုးပွဲ နှင့် ဂီတဖျော်ဖြေပွဲ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

 

"ကျွန်တော်တို့ MMN Music Net ကနေ စတင်ဖြန့်ချိတဲ့ အခွေတွေပေါ့၊ ဒီအခွေတွေကို ကျွန်တော်တို့  ဖန်တီးဖြစ်ခဲ့တာကတော့ ဒီဘက်ခေတ် ဂီတဈေးကွက်ကလဲ အားလုံးသိကြတဲ့ အတိုင်းလေ။ တစ်ခွေချင်း ထွက်နေရင် သိပ်တော့မလွယ်ကူဘူးဆိုတော့ အခုလို တစ်ပြိုင်တည်းနဲ့ပေါင်းပြီး ထွက်လိုက်တာ ပိုကောင်းမယ် ဆိုတဲ့အသိနဲ့ အားလုံးတိုင်ပင်ပြီး အခွေလေးတွေ ထွက်မယ့်ရက်နဲ့ ကိုက်ညီသွားအောင် လုပ်လိုက်တာပါ။ ပြီးတော့ မြန်မာပလာဇာဆိုတဲ့ နေရာကလည်း ပွဲတွေနဲ့ပြည့်နေတာဆိုတော့ ဖေဖော်ဝါရီ(၁၃)က လွတ်နေလို့ လုပ်ဖြစ်တာလည်း ပါပါတယ်။ ပြီးတော့ အခုလိုအခွေ (၆) ခွေကို တစ်ပြိုင်တည်း ထွက်လိုက်တာကလည်း ပရိသတ်တွေအတွက် အင်မတန်ကောင်းပါတယ်။ ဘာလို့လဲဆို အခွေသစ်တွေလည်း တစ်ခါတည်းနဲ့ နားဆင်လို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ထုတ်လုပ်လိုက်တာပါ" ဟု MMN Music Net မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ တေးစီးရီး (၆) ခွေမှာ  အဆိုတော် ဟဲလေး၊ အိမ့်ချစ် တို့၏" ချောကလပ်ရောင် ညိုပြာညက်" ၊ တေးရေး နှလုံးသား ၏  တေးသီချင်းများပါဝင်သော " နှလုံးသားဒိုင်ယာရီ " တေးစီးရီးတွင် ဘိုဖြူ ၊ ထူးအယ်လင်း ၊ အောင်ထက်၊ ဖြိုးပြည့်စုံ၊ ကလုန်း၊ LDကျော် ၊ ဖြူဖြူကျော်သိန်း၊ အိုင်ရင်းဇင်မာမြင့်၊ ပိုပို၊ စိုးပြည့်သဇင် တို့ ပါဝင်သီဆိုထားကြသည်။

 

အဆိုတော် ဇေရဲ ၏ "Hero" စီးရီး ၊ ဟစ်ဟော့ပ်အဆိုတော်များ ပါဝင်သီဆိုထားသော " Lin Bin Beatz 65 Vol -1 ကိုလည်းကောင်း၊  အဆိုတော်ဖြိုးပြည့်စုံ နှင့်အတူ ချိူပြုံး ၊ဟေမာနေဝင်း ၊ကော်နီ၊ မီမီဝင်းဖေ ၊ ချောစုခင် တို့ ပါဝသ်သီဆိုထားသော " သင်္ကြန်လေညှင်းလုလင် " စီးရီးကိုလည်းကောင်း ၊ " Feeling -18" ဟုအမည်ပေးထားသော စီးရီးတို့ဖြစ်ကြောင်း သိရသည်။

 

ကိုလင်း