ဝါးအခြေခံသည့် စက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၃

 

နေပြည်တော်တွင် ဝါးအခြေခံသည့် စက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး နေပြည်တော် ပုဂ္ဂလိက စက်မှုကုန်ကြမ်း ဝါးစိုက်ခင်း စိစစ်ထောက်ခံချက်ပြုရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ် ၃ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက “နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူဖြစ်စေမည့် ဝါးစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခွင့်ပြုရန် လုပ်ငန်းရှင်များက မြေနေရာ လျှောက်ထားလာပါက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ စိစစ်တင်ပြနိုင်ရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ကော်မတီဝင်များအနေဖြင့် မူဝါဒများချမှတ်၍ လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း” ပြောကြားသည်။

 

ထို့နောက်  နေပြည်တော် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဝါးအခြေခံသည့် စက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ နေပြည်တော် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဝါးစိုက်ခင်းများ တည်ထောင်ရန် မြေနေရာ လျှောက်ထားသည့် ကိစ္စရပ်များနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။

 

အောင်ကို(ပြန်/ဆက်)