ဝါးဘလောက် အ.ထ.ကကျောင်း၌ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်း

ကော့မှူး ၂၂  ဇွန်

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်းဆောင်ရွက်သော ရွေ့လျားစာကြည့်တိုက်စာငှားအဖွဲ့သည် ယနေ့နံနက်၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ဝါးဘလောက်ကျေးရွာ အ.ထ.က ကျောင်းနှင့် ဝါးဘလောက်ကျေးရွာတွင် စာအုပ်စာစောင်များ ငှားရမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

ကျောင်းသား/ကျောင်းသူများ စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုခြင်းအားဖြင့် ပြင်ပ အသိပညာ ဗဟုသုတများ တိုးပွားလာပြီး စာဖတ်စွမ်းရည် မြင့်မားတိုးတက်လာစေရန်နှင့် စာအုပ်စာပေကို ချစ်မြတ်နိုးလာပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် ကျေးရွာများ၊ ကျောင်းများ အရောက် ငှားရမ်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ငှားရမ်းရာတွင် စာငှားကဒ်တစ်ခုလျင် စာအုပ် (၂)အုပ်နှုန်း ငှားရမ်းနိုင်ပြီး ကျောင်းသား/ ကျောင်းသူ ၅၀ ဦးအား စာအုပ် ၁၀ဝ ငှားရမ်းခဲ့ကြောင်း၊ တစ်ခါငှားလျှင် ၁၄ ရက် အခမဲ့ဖတ်ရှုနိုင်ကြောင်း သိရသည်။

 

ကျော်သူရ (ကော့မှူး)