ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များ ထုတ်လုပ်သည်အထိ တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအစီအမံ ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ မေ

 

ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များ ထုတ်လုပ်သည်အထိ တန်ဖိုးမြှင့်ကွင်းဆက် တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအစီအမံဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများ၊ ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

 

ဦးစွာ ဒုတိယဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် ဝါဂွမ်းမှ ချည်မျှင်နှင့် အထည်အလိပ်ထုတ်လုပ်ခြင်း၊  အထည်အလိပ်မှ အထည်ချုပ်လုပ် ရောင်းချဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှုကဏ္ဍနှင့် ထုတ်လုပ်မှုကဏ္ဍတို့ကို မှန်မှန်ကန်ကန်သုံးသပ်ပြီး အချိုးညီမျှတအောင် ဆောင်ရွက်နိုင်ပါက ရည်မှန်းချက်များ အောင်မြင်မည်ဖြစ် ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့်  ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့်အသင်းအဖွဲ့ ကိုယ်စားလှယ်များက ရှုထောင့်အသီးသီးမှ ဝိုင်းဝန်း ဆွေးနွေးပေးကြပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြား သည်။

 

ထို့နောက်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် မန္တလေးတိုင်းဒေသကြီး၊ ဝါစိုက်တောင်သူ() ဦးတို့က ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ၏ လက်ရှိစိုက်ပျိုး ထုတ်လုပ်နေမှုအခြေအနေ၊ လိုအပ်သည့် သွင်းအား စုများ၊ နည်းပညာနှင့်ငွေကြေးအရင်းအနှီး၊ လူ့စွမ်းအားအရင်းအမြစ်များ၊ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံးမှ ကိုယ်စားလှယ် ()ဦးနှင့် အမှတ်()အကြီးစား စက်မှုလုပ်ငန်းမှ အထွေထွေမန်နေဂျာတို့က ဝါကြိတ်ခြင်း၊ ချည်မျှင်ထုတ်လုပ်ခြင်း၊ ရက်လုပ်ခြင်း၊ အချောသပ် ထုတ်လုပ်ခြင်းနှင့် ဆေးဆိုးပန်းရိုက် လုပ်ငန်းများ၏ ဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များ၊ အားသာချက်၊ အားနည်းချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်တစ်ဦးနှင့် SCM Sport Wear ထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတို့က အထည်အ လိပ်ထုတ်ကုန်ပစ္စည်းများ တီထွင်ဆန်းသစ်မှုနှင့် ဈေးကွက်အနေအထားတို့ကို လည်းကောင်း ဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ အထည်အလိပ်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများ၊ နည်းပညာ၊ ငွေကြေး၊ လူ့စွမ်းအားအရင်းအမြစ်၊ စက်ပစ္စည်းနှင့်သွင်းအားစု စသည့် လိုအပ်ချက်များနှင့် နိုင်ငံတော်မှ ပံ့ပိုးပေးရမည့်အချက်များနှင့်စပ်လျဉ်း၍ စကားဝိုင်းပုံစံဖြင့် ကျင်းပရာ တက်ရောက်လာသည့် ကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

 

မွန်းလွဲပိုင်းတွင် အုပ်စု () ခုဖွဲ့စည်း၍ Upstream ဖြစ်သည့် ဝါစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များ၊ အခွင့်အရေးများ၊ ပံ့ပိုးဆောင်ရွက်ပေးသည့်အချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Middle Stream ဖြစ်သည့် ဝါဂွမ်းမှ အထည်အလိပ် ထုတ်လုပ်ခြင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များ၊ အခွင့်အရေးများ၊ ပံ့ပိုးဆောင်ရွက်ပေးသည့် အချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Down Stream ဖြစ်သည့် အထည်အလိပ်မှ အဝတ်အထည်ချုပ် လုပ်ဖြန့်ဖြူးခြင်းနှင့် ဈေးကွက်မြှင့်တင်ခြင်းအတွက် လိုအပ်ချက်များ၊ အခွင့်အရေးများ၊ ရင်းနှီး  မြှုပ်နှံမှုများ တိုးတက်လာစေရေး ပံ့ပိုးဆောင်ရွက်ပေးရမည့် အချက်များနှင့် ကျွမ်းကျင်လုပ်သားလိုအပ်ချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက် ဖွံ့ဖြိုးတိုးတက်စေရေး၊ လိုအပ်သောနည်းပညာနှင့် ငွေကြေးအရင်း အမြစ်ရရှိရေး၊ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးနှင့် နိုင်ငံတော်မှ ပံ့ပိုးပေးရမည့်အချက်များ ဖော်ထုတ်ရေး ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ အုပ်စု () ခုချင်းစီအလိုက် ဆွေးနွေးကြပြီး ရရှိလာသည့် အချက်များကို ပြန်လည်ရှင်းလင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ကိုယ်စားလှယ်များက ထုတ်လုပ်မှုကွင်းဆက် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့်အချက်များ ဖော်ထုတ်ခြင်းနှင့် ရေးဆွဲမည့် Action Plan တွင် ပါဝင်သင့်သည့် အချက်အလက်များ၊ ပါဝင်သင့်သည့် ဌာနအဖွဲ့အစည်းများကို ဝိုင်းဝန်းဖော်ထုတ် ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းရှိ တပ်ဆင်ထားရှိသော ဝါကြိတ်စက်များသည် အရည် အသွေးရှိပြီး စွမ်းဆောင်မြင့်မားစွာ အသုံးပြုနိုင်သည့် စက်ပစ္စည်းများဖြစ်ကြောင်း၊ ဝါစိုက်ပျိုးသည်မှ အဝတ်အထည်ရက်လုပ်သည့် ကွင်းဆက်တစ်လျှောက်ရှိ  တောင်သူများ၊ ဝါကြိတ်စက်များ ချည်မျှင် ထုတ်လုပ်သည့် စက်ရုံများ၊ အထည်စက်ရုံများ၊ အထည်ချုပ်လုပ်ငန်းများ အလုပ်အကိုင်ရရှိ၍ ဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ပမှ ချည်မျှင်နှင့် အဝတ်အထည်များ တင်သွင်းရမှုလျှော့ချနိုင်သဖြင့် နိုင်ငံခြားငွေ အသုံးပြုရမှု လျော့နည်းသက်သာ မည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမှရရှိသည့်အချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးသို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

(သတင်းစဉ်)