ဝေါလေမြိုင်မြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများဆောင်ရွက်

ဝေါလေမြိုင် ၁၈   ဒီဇင်ဘာ

 

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေး စာဖတ်ခန်း၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဉာဏ်စမ်း သုတပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ဘောလုံးကစားနည်းပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 

985

 

ရှေးဦးစွာ မြို့ဦးစီးမှူး ဒေါ်နှင်းဝေဦးက ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်အား အသုံးပြု တတ်လာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်နှင့် ကျောင်းသင်ခန်းစာအပြင် ပြင်ပ ဗဟုသုတများ ရရှိလာစေရန်စသော ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

 

52

 

အဆိုပါပြိုင်ပွဲတွင် အ.ထ.က(ဝေါလေ)မှ ကျောင်းသားကျောင်းသူ (၂၀) ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိသူများအား မြို့ဦးစီးမှူး ဒေါ်နှင်းဝေဦးက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

နိုင်မျိုးသင်း(ပြန်/ဆက်)