ဝေါလေမြိုင်မြို့၌ ဆင်းသုခမိုးစပါး မျိုးသန့်မျိုးပွားမျိုးစေ့များ အခမဲ့ပေးအပ်

ဝေါလေမြိုင် ၁၅  ဇွန်

 

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေမြိုင်မြို့ရှိ တောင်သူများ မိုးစပါး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရန်အတွက် ဆင်းသုခမိုးစပါး မျိုးသန့်မျိုးပွားမျိုးစေ့များကို ယနေ့နံနက် ၉ နာရီက ဝေါလေမြိုင်မြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆင်းသုခမိုးစပါး မျိုးသန့်မျိုးပွား မျိုးစေ့များပေးအပ်ခြင်းနှင့်ပတ်သက်၍ ဝေါလေမြိုင်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဝင်းနိုင်ဦးက ဒေသခံတောင်သူများအား ဆင်းသုခမိုးစပါး မျိုးသန့် မျိုးပွားမျိုးစေ့များ ဖြန့်ဝေပေးခြင်းဖြင့် ဒေသတွင်းမှာ မိုးစပါးမျိုးကောင်းမျိုးသန့်များကို တိုးတက် စိုက်ပျိုးနိုင်ခြင်း၊ စပါးအထွက်နှုန်း တိုးတက်လာနိုင်ခြင်း၊ အရည်အသွေးပြည့်ဝသော စပါးများရရှိနိုင်ခြင်းနှင့် စပါးများ ဈေးကောင်းရနိုင်သောကြောင့် တောင်သူများ ဝင်ငွေပိုမိုရရှိနိုင်ခြင်းစသော အကျိုးကျေးဇူးများရရှိနိုင်သောကြောင့် မျိုးစေ့များ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

နိုင်မျိုးသင်း(ပြန်/ဆက်)