ဝီလ်ကွန်ဆင်ပြည်နယ်၌ ရဲသားမှ လူမည်းအမျိုးသားကို သေနတ်ဖြင့်ပစ်ခတ်

၂၅ ဩဂုတ်

 

 

အမေရိကန်ပြည်ထောင်စု ဝီလ်ကွန်ဆင်ပြည်နယ်၌ ရဲများက လူမည်းအမျိုးသား တစ်ဉီးအား သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နောက်ကျောတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း  အမေရိကန်မီဒီယာများက ပြောကြားခဲ့သည်။

 

 

လူမည်းအမျိုးသားဖြစ်သူ ဂျိုကိုဘလိပ်မှာ ကိုနိုရှာမြို့တွင် တနင်္ဂနွေနေ့ နေ့လည်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောကြားခဲ့သည်။

 

 

အင်တာနက်ပေါ်တွင် တင်ထားသည့် အဆိုပါ ဗွီဒီယိုဖိုင်တွင် ဘလိပ်ကို သေနတ်ဖြင့် ပစ်ခတ်နေသည့် ပုံများပါဝင်နေသည်။

 

 

အဆိုပါ ဗွီဒီယိုဖိုင်ထဲတွင် ရဲများက ဘလိပ်၏ နောက်ကိုလိုက်ပြီး ကားတွင်းဝင်မည့် ဘလိပ်၏ နောက်ကျောကို ရိုက်နေသည့် ပုံများ ပါဝင်သည်။

 

 

သေနတ်သံများဟု ယူဆရသည့် အသံများ ခုနှစ်ကြိမ်ကြားခဲ့ရပြီး  အော်သံများလည်း ကြားခဲ့ရသည်ဟု ဆိုသည်။

 

 

အရာရှိများသည် အဆိုပါ အကြမ်းဖက်မှုနှင့် ပတ်သက်သည့် ဖုန်းခေါ်ဆိုမှု လက်ခံခဲ့သော်လည်း ၎င်းတို့ ဘာကြောင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းကိုမူ ရှင်းပြခြင်းမရှိကြောင်း ဒေသန္တရရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

 

 

လူမည်းအမျိုးသားနှင့် ထိတွေ့ဆက်ဆံသည့်အခါ အင်အားအလွန်အကျွံ အသုံးပြုမှုနှင့် ပတ်သက်ပြီး တင်းမာမှုကို ကျွန်တော် အနေဖြင့် လက်မခံနိုင်ကြောင်း လူမည်း အမျိုးသားများနှင့်အတူ ရပ်တည်ပါကြောင်း ဝီလ်ကွန်ဆင်ပြည်နယ် မြို့တော်ဝန်ဖြစ်သူ တိုနီ အဲဗရက်စ်က ၎င်း၏ တွစ်တာပေါ်တွင် ရေးသားထားသည်။

 

 

အမေရိကန်နိုင်ငံ တစ်ဝန်းတွင် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးအတွက် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ပစ်ခတ်မှုသည် မြို့တော်၌ ဆန္ဒပြမှုများကို ဖြစ်စေခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်