ဝါးခယ်မမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း ထုတ်ယူသူများပြား

ဝါးခယ်မ  ၆  ဇွန် 

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်သော ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို ယနေ့ နံနက်က စတင်ကာ မြို့နယ်ပညာရေးမှူးရုံး၌ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူများက ထုတ်ပေးလျက်ရှိပြီး လာရောက် ထုတ်ယူသူ များပြားလျက်ရှိကြောင်း သိရသည်။

 

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ၊ ကျရှုံးသူများ၏ အမှတ်စာရင်းကို လာရောက်ထုတ်ယူသူများ အနေဖြင့် ငွေသွင်းတံဆိပ်ခေါင်းဖိုးနှင့် လျှောက်လွှာခ ငွေကျပ် ၄၀ဝ ပေးသွင်းကာ တံဆိပ်ခေါင်းနှင့် လျှောက်လွှာထုတ်ယူပြီး အမှတ်စာရင်း တောင်းခံသူ အမည်၊ စာစစ်ဌာန၊ ခုံအမှတ် တို့ကို ထည့်သွင်းရေးသား လျှောက်ထားရမည်ဖြစ်ကြောင်း၊ ကျောင်းသားမိဘ၊ ကျောင်းသားကိုယ်တိုင်၊ ကိုယ်စားလှယ်များ အနေဖြင့်လည်း လာရောက် ထုတ်ယူနိုင်ပြီး အချက်အလက် မှန်ကန်ပါက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

ယင်းသို့ အမှတ်စာရင်း ထုတ်ပေးရာတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူများသာမက ယခင်နှစ်များမှ အမှတ်စာရင်းထုတ်ယူရန် ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများပါ အမှတ်စာရင်း ထုတ်ယူနိုင်ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)