ဝက်လက်မြို့နယ် ဟံလင်းကျေးရွာ၌ အမှိုက်မီးရှို့ရာမှ နေအိမ်မီးဖိုဆောင် မီးလောင်မှုဖြစ်ပွား

ဝက်လက်   ၁၂   ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ဟံလင်းကျေးရွာ၌ ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းက အမှိုက်မီးရှို့ရာမှ  မီးကူးစက်ကာ နေအိမ်မီးဖိုဆောင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း  သိရသည်။

 

ဖြစ်စဉ်မှာ ဧပြီ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က ဝက်လက်မြို့နယ် ဟံလင်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ ဝက်လက်မြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ထွန်းလေး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးမှ သွားရောက်စစ်ဆေးခဲ့​ရာ မီးလောင်မှုကို ကျေးရွာနေပြည်သူ (၇၀) ဦးတို့  ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။

 

မီးလောင်မှုဖြစ်ပွားရခြင်းမှာ အိမ်ရှင် ဒေါ်ဝင်းကြည် (၆၂ နှစ်) ၏ နေအိမ်တွင် အမှိုက်မီးရှို့ရာမှ မီးဖိုဆောင်သို့ မီးကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မီးလောင်မှုကြောင့် အိမ်ရှင် ဒေါ်ဝင်းကြည်၏ သက်ကယ်မိုး၊ ထရံကာ၊ မြေစိုက်မီးဖိုဆောင်တစ်လုံး၊ မီးလောင်ဆုံးရှုံးကာ လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ဝင်းကြည်အား ဝက်လက်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မိုးသောက် (ရွှေဘို)