ဝက်လက်မြို့နယ် မောက်ကြိုးကျေးရွာတွင် မီးဖိုပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင်

ဝက်လက် ၁၉   ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မောက်ကြိုးကျေးရွာတွင် ဇူလိုင် ၁၈ ရက် ညပိုင်းက မီးဖိုပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့​ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ဇူလိုင် ၁၈ ရက် ည (၁၂) နာရီခန့်က ဝက်လက်မြို့နယ်၊ မောက်ကြိုးကျေးရွာ၌ မီးလောင်နေကြောင်း သတင်းအရ ဝက်လက်မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမောင်းနိန် ဦးဆောင်၍  မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊  သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ( ၁၁ ) ဦး၊ လှတောနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄) ဦး၊  အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦး၊ ရဲတပ်ဖွဲ့ဝင် ( ၁၆ ) ဦး၊ ကျေးရွာနေပြည်သူ ( ၁၀၀ ) တို့  ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၃၆ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

 မီးလောင်မှုကြောင့် ဦးထွန်းထွန်း( ၄၅ နှစ်) ၏ သွပ်မိုး၊ ထရံကာ မြေစိုက် မီးဖိုဆောင် (၁) လုံး၊ သွပ်မိုး၊ ထရံကာ စပါးကျီ (၁) လုံး၊ ဘေးကြားစပါး တင်း (၁၀၀) ခန့် မီးလောင်ဆုံးရှုံးခဲ့​ပြီး၊ လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ မီးပေါ့ဆသူ ဦးထွန်းထွန်း ကို ဝက်လက်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။

 

မိုးသောက်(ရွှေဘို)