ဝက်လက်မြို့နယ် မောက်ကြိုးကျေးရွာတွင် မီးပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ဝက်လက် ၂၀ ဇူလိုင်    

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ မောက်ကြိုးကျေးရွာတွင် ဇူလိုင် ၁၈ ရက် ည ၁၂ နာရီခန့်က မီးပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရခြင်းမှာ မီးပလပ်ခုံ အပူလွန်ကဲရာမှ စတင်ခဲ့ပြီး မီးဖိုဆောင်၊ စပါးကျီတစ်လုံးနှင့် စပါးတင်း ၁၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့သည်။ အဆိုပါမီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ဝက်လက်မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမောင်းနိန် ဦးဆောင်၍  မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊  သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၁) ဦး၊ လှတောနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦး၊ ရဲတပ်ဖွဲ့ဝင် (၁၆) ဦး၊ ကျေးရွာနေပြည်သူ (၁၀၀) ဦးတို့  ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၃၆ မိနစ်တွင် မီးငြိမ်းသွားကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်ထံမှ သိရသည်။

 

မိုးသောက်(ရွှေဘို)