ဝက်လက်မြို့နယ် ရွှေဘို- မုံရွာကားလမ်း၌ ဆိုင်ကယ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွား

ဝက်လက် ၈ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် ရွှေဘို- မုံရွာကားလမ်း၌ ဧပြီ ၇ ရက် ညပိုင်းက ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဧပြီ ၇ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်က ဝက်လက်မြို့နယ် ရွှေဘို - မုံရွာကားလမ်း မိုင်တိုင်အမှတ်  63 .5 km နှင့် 64 km အကြား ရွှေပန်းကုံးကျေးရွာအရှေ့ဘက် ပေကြိုးတံတားအနီးတွင် ရွှေပန်းကုံးကျေးရွာမှ ဘိုတဲကျေးရွာဘက်သို့ မင်းသော်ခန့် (၁၈ နှစ်) ရွှေပန်းကုံးကျေးရွာ ဝက်လက်မြို့နယ်နေသူ မောင်းနှင်လာသော ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် မင်းသော်ခန့်မှာ စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)