ဝက်လက်မြို့နယ်၌ (CERP) အစီစဉ်ဖြင့်   မိုးစပါး (၂၁၅) ဧက  စိုက်ပျိုးရန် စတင်ဆောင်ရွက်

ဝက်လက် ၂၉  ဇူလိုင်      

 

စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်  ရွာတော်ကုန်း ကျေးရွာနှင့် တပ်ရွာကျေးရွာ တို့တွင် (CERP) အစီစဉ်ဖြင့် မိုးစပါး ၂၁၅ ဧက စိုက်ပျိုးရန် ပျိုးထောင်ခြင်းလုပ်ငန်းကို စတင် ဆောင်ရွက်ကြောင်းသိရသည်။

 

ဝက်လက်မြို့နယ် စက်မှူလယ်ယာဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးငွေဇော်စိုး နှင့် ဝန်ထမ်းများက ရွာတော်ကုန်းကျေးရွာနှင့် တပ်ရွာကျေးရွာတို့မှ လယ်မြေဧက (၂၁၅)ဧကကို ကိုဗစ်-၁၉  စီးပွားရေးကုစားမှု အစီစဉ်ဖြင့် COVID  ECONOMIC   RELIEF  PLAN (CERP) အရ ကျေးရွာများရှိ ဒေသခံပြည်သူများ စားဝတ်နေရေး အခက်ခဲ ကုစားပေးနိုင်ရန် ပျိုးထောင်သည်မှ စိုက်ပျိုးသည့် အချိန်ထိ လုပ်အားခရရှိစေရန် ဆောင်ရွက်ပေးကြောင်းလည်း သိရသည်။

 

ဒေသခံပြည်သူများ စာဝတ်နေရေး အခက်ခဲ မဖြစ်စေရေးအတွက် လုပ်အားအဖြစ် ပျိုးထောင်သည့် လုပ်အားခ၊ ပျိုးခင်းစောင့်ခ၊ ပျိုးခင်းထိန်းသိမ်းခ၊ ကြားပေါင်းသင်ခ စသည့် လုပ်အားခများကို ပေးဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

စိုးစိုးလှိုင် (ဝက်လက်)