ဝက်လက်မြို့နယ်၌ ဆောင်းနှမ်းများ အထွက်နှုန်းနှင့် အရည်သွေး ကောင်းမွန်သော်လည်း ယခင်နှစ်ထက်  စျေးနှုန်း ကျဆင်းလျက်ရှိ

ဝက်လက်  ၁  ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း ဆောင်းနှမ်းများ စိုက်ပျိုးသော တောင်းသူများအနေဖြင့် ယခင်နှစ်ကထက် အထွက်နှုန်းနှင့် အရည်သွေးကောင်းမွန်သော်လည်း လက်ရှိအခြေအနေအရ ယခင်နှစ်ထက် စျေးနှုန်း ကျဆင်းနေသဖြင့် တောင်သူများ အခက်တွေ့လျက်ရှိကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရှိရသည်။

 

"အရင်နှစ်က ဒီအချိန် ပေါ်ခါစမှာ နှမ်း တစ်တင်းကို (၇၈၀၀၀) ကျပ်မှ (၈၀၀၀၀) ကျပ်ထိ ရောင်းချရတယ်၊ ဒီနှစ်မှာတော့ တစ်တင်းကို  (၅၈၀၀၀) ကျပ်မှ၊ (၆၀၀၀၀) ကျပ်ထိသာ ရောင်းချရလို့ စျေးနှုန်းကျဆင်းလို့ တွက်ခြေမကိုက်ဘဲ  အဆင်မပြေတာလေးတွေ ရှိပါတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက် ဆိုစကားလိုပေါ့၊ စျေးမတက်ရင်တော့  စျေး ဆက်မကျပဲရှိနေရင် တော်အုံးမှာပါ၊ နှမ်းတွေလည်း လှိုင်လှိုင်ပေါ်နေပြီဆိုတော့ စျေးလေးရချင်ပါတယ်" ဟု   ဝက်လက်လက်မြို့နယ် ညောင်ပင်ကြီးတောကျေးရွာနေ နှမ်းစိုက်တောင်သူ ဦးဝင်းနိုင်က ပြောသည်။

 

အဆိုပါ နှမ်းစိုက်တောင်သူများအနေဖြင့်  နှမ်းစျေးတက်သည်အထိ စောင့်ဆိုင်း၍ မရောင်းချဘဲ သိုလှောင်မထားနိုင်ခြင်း ၊ မိမိတို့၏ စာဝတ်နေရေးနှင့် အလုပ်သမားခ အခက်ခဲများကြောင့် နှမ်းများကို အခုရိတ်၊ အခုလှမ်း၊ အခုခါကာ စျေးကွက်သို့ချက်ခြင်း ရောင်းချနေကြရကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရှိရသည်။

စိုးစိုးလှိုင် (ဝက်လက်)