ဝက်လက်မြို့နယ်ရှိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဝက်လက် ၂၇  ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၊ အမှတ်(၁) တိုင်ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ဝက်လက်မြို့နယ်အတွင်းရှိ ရှိမ္မကားကျေးရွာနှင့် အင်ဒေါင်းကျေးရွာကြားတွင် ကျောက်ချောလမ်းခင်းခြင်း၊ တပ်ရွာ(ထက်)စနစ်တကျ လယ်ယာဧက (၂၀၀) ဖော်ဆောင်မှု၊ ကူကောင်းကျေးရွာနှင့် သုံးဆင့်ကန်ကျေးရွာတို့တွင် ရေကျော်တည်ဆောက်နေခြင်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်ထားသော အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရေး၊ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

စိုးစိုးလှိုင်(ဝက်လက်)