ဝက်လက်မြို့တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လူဦးရေ ၁၀၀၀ ကို ဆက်လက်ထိုးနှံပေး

ဝက်လက် သြဂုတ် ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင်၊ လတ်တလော ဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးနှံခြင်းကို သြဂုတ် ၂၀ ရက်က အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ရဟန်းသံဃာများ၊ ဝန်ထမ်းများ၊ စျေးရောင်းချသူများကို အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စုရပ် ၃ ခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ လူဦးရေ ၁၀၀၀ ကို ကာကွယ်ဆေးထိုးနှံပေးကြောင်း သိရသည်။

 

ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ  ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထပ်မံရရှိပါက ဒေသခံပြည်သူများကို ဆက်လက်၍ ထိုနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

 

စိုးစိုးလှိုင် (ဝက်လက်)