ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းများ နိုင်ငံတစ်ဝန်လုံးတွင် ပြုလုပ်သွားမည်

နေပြည်တော်  ၂၁   အောက်တိုဘာ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဉီးစီးဌာနသည် အသက် ၉ လမှ ၅ နှစ်ခွဲအရွယ်ရှိ ကလေး ၄ ဒသမ ၇ သန်းခန့်အား ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းကို နိုင်ငံတစ်ဝန်းလုံးတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ပြုလုပ်ရာ၌ ပိုလီယိုကာကွယ်ဆေးနှင့်အတူ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်းကို အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ မြို့နယ် (၉၆) မြို့နယ်တွင် လည်းကောင်း၊ အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့နယ် (၂၃၄)မြို့နယ်တွင် လည်းကောင်း အသီးသီး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

 

ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းများ လွှမ်းခြုံမှု မြင့်မားစွာဆောင်ရွက်နိုင်ရန် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းထားကြောင်း သိရသည်။

 

မောင်လူမော်