ဝါးလုံးများ တင်ဆောင်လာသော ခြောက်ဘီးယာဉ် တစ်စီးတိမ်းမှောက်မှု ပေါက်မြို့နယ်၌ ဖြစ်ပွား

ပေါက်  ၇   ဒီဇင်ဘာ 

 

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ ဒီဇင်ဘာ ၇ ရက်နံနက်ပိုင်းက ပေါက်ဘက်မှ ပခုက္ကူဘက်သို့ ယာဉ်မောင်း ဦးအောင်ဆန်းလင်း ပေါက်မြို့နယ် ကျောက်တံခါးကျေးရွာနေသူ မောင်းနှင်လာပြီး ဝါးလုံးများ တင်ဆောင်လာသော ယာဉ်တစ်စီးလမ်း၏ ဝဲဘက်သို့ လဲကျတိမ်းမှောက်သွားကြောင်း သိရသည်။

 

သတင်းအရ ပေါက်မြို့မ ရဲစခန်းမှ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ကြပ်ကြီးဦး လှဦး၊ နယ်ထိန်း ဒုရဲတပ်ကြပ် ဦးဖိုးဇော်၊ အုန်းတော(တ)စုကျေးရွာ ရွာခွဲတာဝန်ခံ၊ ဆယ်အိမ်မှူး၊ အသိသက်သေများ နှင့်အတူ အမှတ်(၁) ပေါက်တံတား အနောက်ဘက်ထိပ်၊အုန်း တောကျေးရွာ အရှေ့မြောက်ဘက်၊ ပေါက်-ပခုက္ကူကားလမ်း မပေါ်မိုင်တိုင်အမှတ် ၄၉/၇ နှင့် ၅၀/ဝ ကြား အရောက်တွင် ယာဉ်မောင်း ဦးဆန်းလင်း ပေါက်မြို့နယ် ကျောက်တံခါးကျေးရွာနေသူ မောင်းနှင်လာကာ ဝါးလုံး ၁၃၀ဝ ခန့် တင်ဆောင်လာသော Hino အစိမ်းရောင် (၆) ဘီးယာဉ်တစ်စီး ဝဲဘက်ဘက်ရှပ် ကျိုးကျ၍ ကားဘီးများအပြင် လွင့်ထွက်ကာလမ်း၏ ဝဲဘက်ခြမ်းသို့ လဲကျတိမ်းမှောက်နေပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့သည် ထိခိုက်ဒဏ်ရာမရရှိကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သူ ပေါက်မြို့နယ် ကျောက်တံခါး ကျေးရွာနေသူ ဦးဆန်းလင်းအား ပေါက်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဉာဏ်တိုး(ပေါက်)