ဝမ်းပျက်ဝမ်းလျှောရောဂါမိုးဦးကျကာလတွင်သတိပြုပါ

ဝမ်းပျက်ဝမ်းလျှောရောဂါသည် မသန့်ရှင်းသောအစားအစာနှင့် သောက်သုံးရေတို့မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါတစ်ခုဖြစ်ပါသည်။ ရာသီမရွေးဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့်  မိုးဉီးကျ ကာလနှင့် မိုးအကုန်ဆောင်းအကူးတွင် အဖြစ်များလေ့ရှိပါသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါမှာ ဘက်တီးရီးယား (သို့မဟုတ်)ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွား နိုင်ပါသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန်-

  • ရေကိုကျိုချက်၍ သောက်သုံးပါ။
  •  
  • တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်ပါ။
  •  
  • အစားအစာများကို ပူပူနွေးနွေးစားသောက်ပါ။ ယင်မနားအောင် ဖုံးအုပ်ထားပါ။
  •  
  • အစာမစားမီနှင့်အိမ်သာမှအဆင်းတွင် လက်နှစ်ဘက်လုံးကို ဆပ်ပြာဖြင့်စင်ကြယ်စွာ ဆေးကြောပါ။
  •  
  • ခြင်၊ ယင်တို့ မပေါက်ပွားစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးကိုဂရုပြုဆောင်ရွက်ပါ။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပါကအချိန်မီကုသမှုမခံယူလျှင် အသက်ဆုံးရှုံးနိုင်ပါသည်။ နီးစပ်ရာကျန်းမာရေးဌာနများသို့ သတင်းပေးပို့ပြီးထိရောက်သောကုသမှုခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန