ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Unicef တို့ပူးပေါင်းပြီး လက်ဆေး စင်(၂၉)ခုနှင့် လက်ဆေးဆပ်ပြာများ လှူဒါန်း

ဝမ်းတွင်း  ၁၀   ဧပြီ 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Unicef တို့ ပူးပေါင်း၍ လက်ဆေးစင်များနှင့် လက်ဆေးဆပ်ပြာများ လှူဒါန်းခြင်းများကို ဧပြီ ၉ ရက်နေ့က မြို့နယ်အတွင်းရှိQuarantine Zoneများတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း Quarantine Zone တွင် ယခုလိုလှူဒါန်းရခြင်းနှင့် ပတ်သက်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မရှိစေရေးနှင့် ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်ရည်ရွယ်ချက်များဖြင့် ဦးစီးဌာနနှင့် Unicef တို့ ပူးပေါင်း၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဖြစ်သူ ဒေါ်ရီရီဦးက ပြောပြသည်။

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Unicef တို့မှ ပူးပေါင်း၍လက်ဆေးစင် နှင့်လက်ဆေး ဆပ်ပြာများလှူဒါန်းခြင်းကို တဲစု Quarantine Zone တွင်(၄)ခု၊ လေးမျက်နာကျေးရွာ Quarantine Zone တွင်(၃)ခု၊ ဘုန်းကြီးကျောင်း Quarantine Zone တွင်(၃)ခု၊ ကျန်းမာရေး ဆေးခန်းတွင်(၁)ခု၊ ဇဝင်းကျေးရွာ Quarantine Zoneတွင်(၂)ခု၊ ရှောက်တောကျေးရွာ Quarantine Zoneတွင်(၁)ခု၊ ပုလဝါကျေးရွာ Quarantine Zoneတွင်(၁)ခု၊ ဆင်သေကွေ့ကျေးရွာတွင်(၁)ခု၊ ဆူပန်းကျေးရွာ Quarantine Zoneတွင်(၂)ခု၊ ကံဆယ်ကျေးရွာတွင်(၁)ခု၊ မြင်းကျကန်ကျေးရွာ Quarantine Zoneတွင်(၁)ခု၊ ဂုဏ် ရွာကျေးရွာ Quarantine Zone တွင်(၂)ခု၊ သဲတောဘူတာတွင်(၁)ခု၊ ဝမ်းတွင်း(အထက) Quarantine Zone တွင်(၃)ခု၊မြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင်(၃)ခု စုစုပေါင်းလက်ဆေးစင်(၂၉)ခုနှင့် လက်ဆေးဆပ်ပြာများကို လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ဌေးလှိုင်(ဝမ်းတွင်း)