ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော် ၅  စက်တင်ဘာ 


၂၀၁၉ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများကို ယနေ့နံနက်(၈) နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)တွင် ဆက်လက်ယှဉ် ပြိုင်ကစားရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။


ယနေ့ယှဉ်ပြိုင် ကစားသော အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာန အသင်းမှ (၂၅-၁၇)မှတ်၊ (၂၅-၈)မှတ်၊ (၂၅-၁၆)မှတ်ဖြင့် လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အသင်းမှ (၂၅-၁၉)မှတ်၊ (၂၆-၂၄) မှတ်၊ (၂၅-၁၃)မှတ်ဖြင့် လည်းကောင်း။


ဆက်လက်၍ အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ်  ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာန အသင်းမှ (၂၅-၂၀) မှတ်၊ (၂၅-၁၀) မှတ်၊ (၂၅-၁၅)မှတ်ဖြင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ (၂၅-၆)မှတ်၊ (၂၆-၅) မှတ်၊ (၂၅-၉)မှတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသွားသည်။


၂၀၁၉ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို (၄.၉.၂၀၁၉)ရက်နေ့မှ (၁၃.၉.၂၀၁၉) ရက်နေ့အထိ နေ့စဉ်နံနက် (၈)နာရီမှစ၍  ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘော်လီဘော အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။


MDN