ဝန်းသိုမြို့ ခန္တီးပရိယတ္တိစာသင်တိုက်ရှိ ရဟန်း၊ သာမဏေ ၂၂ ပါး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်ခံရ

ဝန်းသို သြဂုတ် ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့ ခန္တီးပရိယတ္တိ စာသင်တိုက်ရှိ  ရဟန်း၊ သာမဏေ ၆၉ ပါးအား ဩဂုတ် ၂၀ ရက် မွန်းလွဲ ၃ နာရီက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ရဟန်း၊ သာမဏေ ၂၂ ပါးတွင် (Positive) ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရသည်။

 

အဆိုပါရောဂါပိုးတွေ့ရှိသူ ရဟန်း၊သာမဏေ ၂၂ ပါးအား ခန္တီးပရိယတ္တိစာသင်တိုက် ဓမ္မာရုံတွင် ထားရှိ၍ ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

 

ဝန်းသိုမြို့နယ်တွင် လက်ရှိအချိန်ထိ ရောဂါပိုးတွေ့ရှိသူ လူနာစုစုပေါင်း ၂၄၉ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၂၁၄ ဦးရှိ၍ ဆေးကုသ ခံယူလျက်ရှိသူ  ၃၀ ကျန်ရှိကြောင်း သိရသည်။

 

ကျော်မြိုင်