ဝန်းသိုမြို့၌ (2019-nCoV) ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဝန်းသို ၇ မတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် မြို့မစည်ပင်သာယာစျေး၌ ယနေ့နံနက် ၈ နာရီအချိန်က အဆုတ်ရောင်ရောဂါ (2019-nCoV) ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများကို ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦ:စီးဌာနမှုး ဒေါက်တာတင့်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှစတင်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ(2019-nCoV) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သိကောင်းစရာများနှင့် ကာကွယ်နိုင်မည့်နည်းလမ်းများအကြောင်းကို စျေးရောင်းစျေးဝယ်များနှင့် ခရီးသွားပြည်သူများ အား အသိပညာပေး မှာကြားကာ နှားခေါင်းစည်း၊ လက်ဆေးဆပ်ပြာနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

 ကျော်မြိုင် (ပြန်/ဆက်)

1