ဝန်းသိုမြို့နယ် ဂျိုးတောင် KC နယ်မြေ၏ မိုးစပါး မျိုးစေ့ထုတ်ကွက်လျာထားချက်အတိုင်း စိုက်ပျိုးပြီးစီး

ဝန်းသို  ၁၇  ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ဂျိုးတောင် KC နယ်မြေ၏ မိုးစပါးမျိုးစေ့ထုတ်ကွက်လျာထား လယ်ဧက ၇၀ အပြီးသတ် စိုက်ပျိုးပြီးစီးမှုအဖြစ် ယနေ့နံနက်ပိုင်းက တောင်ဘို့လှကျေးရွာအုပ်စု ထန်းပင်ကုန်းကျေးရွာ၊ ကွင်းအမှတ် (၁၂၄၄)၊ ဦးပိုင်အမှတ်အမှတ် (၂၇)၊ တောင်သူ ဦးထွန်းဝင်း၏ လယ်၂ ဧက၌  ဧရာမင်း စပါးမျိုးစေ့ထုတ်ကွက်ကို စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ စပါးစိုက်ပျိုးရာတွင် စနစ်တကျဖြစ်စေရန်အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေ၊ ဂျိုးတောင် KC နယ်မြေတာဝန်ခံ ဦးရန်နိုင်ထွန်းနှင့် စိုက်ပျိုးရေးဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

 

ဝန်းသိုမြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ်ကွက် လယ်ဧက ၂၅၀ ရှိပြီး မိုးစပါးစိုက်ဧက ၃၈၄၉၈ လျာထားလျက်ရှိရာ လက်ရှိအချိန်တွင် ၂၉၄၁၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေထံမှ သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)