ဝန်းသိုမြို့နယ် ကျုတော(၂) ကျေးရွာ၌ ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ ကျင်းပ

ဝန်းသို ၁၂ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်အုပ်စု၊ ကျုတော(၂)ကျေးရွာ၌ NEP Phase-1 ဖြင့် ဆောင်ရွက်သည့် မဟာဓာတ်အားလိုင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း  (VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက အဆိုပါကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေစိုးအောင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းတို့က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးကျော်ဇေယျက NEP စီမံကိန်းအကြောင်းနှင့် လျှပ်စစ်မီးသုံးစွဲရာတွင် သတိပြုလိုက်နာရမည့် အချက်များကို အသိပညာပေးပြောကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

 

2

        

ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးနှင့် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ဇေယျနှင့် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းတို့က ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲမုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

ယခုလို ကျေးရွာလျှပ်စစ်မီးကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည့်အတွက် အဆိုပါကျေးရွာရှိ ကျေးရွာနေပြည်သူများအနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၂၄)နာရီလျှပ်စစ်မီးကို အကျိုးရှိစွာ အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)