ဝန်းသိုမြို့နယ်အတွင်း၌ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာ တစ်ဦးသေဆုံး

ဝန်းသို ၂၁  ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် ဝန်းသို-နမ်းခမ်းလမ်းသွားကားလမ်း၊ မိုင်တိုင်အမှတ်၂၅ နှင့် ၂၆ ကြား ရွာမကျေးရွာအနီးတွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညနေ ၃ နာရီ မိနစ် ၄၀ တွင်  ဝန်းသိုမြို့နယ်၊ နမ်းခမ်းနယ်မြေ ရဲကင်းစခန်းမှူး  ဒုရဲအုပ် ကျော်သူအောင် ဦးစီးသောအဖွဲ့သည် ဆိုင်ကယ်တိမ်း မှောက်သဖြင့် လူတစ်ဦး သေဆုံးနေကြောင်သတင်းအရ အခင်းဖြစ်နေရာသို့ သက်သေများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးရာ ဝန်းသိုမြို့နယ်၊ လယ်ကျင်းကျေးရွာနေ ဝင်းမောင် မောင်းနှင်လာသော ဆိုင်ကယ်နှင့် မန်ကျည်းပင် ကျေးရွာနေ စိုးရာဇာထွန်း မောင်းနှင်လာသော ဆိုင်ကယ် တို့ ဝန်းသို-နန်းခမ်းသွား လမ်း မိုင်တိုင်အမှတ် ၂၅ နှင့် ၂၆ ကြား၊ ရွာမကျေးရွာအနီးတွင် မျက်နှာချင်းဆိုင် တိုက်မိရာ ဝင်းမောင် ဆိုသူမှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ကယ်အားပေါ့ဆစွာ မောင်းနှင်သူ နှစ်ဦးအားနမ်းခမ်းနယ်မြေ ရဲစခန်းမှ  ယာဉ်စည်းကမ်း ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

လူအောင်(ကသာ)