ဝန်းသိုမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ နေ့စဉ်ရေသုံးစွဲနေမှုနှင့် ရေအရည်အသွေး စစ်တမ်းများကောက်ယူလျက်ရှိ

ဝန်းသို၊ ၁၇  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိစေရေးအတွက် လက်တူးတွင်း၊ မြေသားရေ ကန်၊ စက်ရေတွင်း၊ စိမ့်စမ်းရေသွယ်စသည့် ရေရရှိနိုင်မည့်နည်းလမ်းများကိုအသုံးပြုပြီး နှစ်အလိုက် ဘတ်ဂျက်လျာထား ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက လက်ရှိကျေးရွာနေပြည်သူများ နေ့စဉ်ရေသုံးစွဲနေမှုနှင့် ရေပေးဝေ နေမှုစနစ်များကို မြေပြင်အမှန်သိရှိစေရန်အတွက် Mobile phone အသုံးပြု၍ RWS-MIS Applications ဖြင့် မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ ရေပေးဝေရေးစစ်တမ်းကို Mobile phone အသုံးပြုပြီး ကျေးရွားပေါင်း(၈၉)ရွာကို ကောက်ယူပြီးစီးပြီဖြစ်ပါတယ်၊ မြို့နယ်အတွင်းရှိ ကျေးရွာအားလုံးကို ဆက်လက်ကောက်ယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်၊ တစ်မြို့နယ်လုံး ကောက်ယူပြီးစီးခဲ့လျှင် ရေရရှိရေးလုပ်ငန်းနဲ့ ရေပေးဝေရေးစနစ် လုပ်ငန်းဆောင်ရွက်ရာမှာ လွယ်ကူမှန်ကန်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်မည်ဖြစ်ပါတယ်”ဟု မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။

 

ထိုသို့ရေစစ်တမ်းကောက်ယူရာတွင် RWS-MIS Applicationsစနစ်ဖြင့်( Village Self Water Supplys) ဖြစ်သည့် လက်ရှိကျေးရွာများ၏ ကိုယ်ပိုင်အိမ်သုံးရေ ရရှိအောင်ပြုလုပ်ပြီး အသုံးပြုသည့်နည်းလမ်းများ၊ လက်ရှိရေပေးဝေမှုအမျိုးအစားများ၊ Service Levels ဖြစ်သည့် ရေထွက်၏ ယေဘူယအခြေအနေ၊ ရေထွက်မှ ရေအဆက်မပြတ်ရရှိနိုင်မှုရှိ/မရှိ၊ Water Treatment ဖြစ်သည့် ရေထွက်ပင်ရင်း(သို့) ရေပေး ဝေရေးစနစ်တွင် ရေသန့်စင်မှုစနစ်ရှိ/မရှိ ၊ ကလိုရင်းခတ်ခြင်းရှိ/မရှိ ၊ Water Quality ဖြစ်သည့် ရေအရည် အသွေးစမ်းသပ် ထားရှိမှုရှိ/မရှိနှင့် ရေသုံးစွဲသူတို့၏ ကျေနပ်မှုရှိ/မရှိ စသည့်စစ်တမ်းများကို ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)