ဝန်ထမ်းဘဝဆိုတာ များသောအားဖြင့် ရုံးပိတ်ရက်တွေမှာ မိသားစုနဲ့အတူ အိမ်မှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြရတာ များပါတယ်

ရန်ကုန် ၉ ဖေဖော်ဝါရီ

ယခုလာမည့် ဖေဖော်ဝါရီ ၁၀၊ ၁၁၊ ၁၂ ရက်သည် စနေ၊ တနင်္ဂနွေနေ့အပြင် ပြည်ထောင်စုနေ့နှင့်ပါ တိုက်ဆိုင်နေ၍ အများပြည်သူတို့အတွက် ရုံးပိတ်ရက် သုံးရက် တစ်ဆက်တည်းဖြစ်သွားခဲ့သည်။ အများပြည်သူရုံးပိတ်ရက် သုံးရက်တာကာလအတွင်း လူမှုဘဝ စတိုင်အလိုက် ကိုယ်စီ ကိုယ်ငှ အနားယူအပန်းဖြေကြမည့် ပြည်သူအချို့၏ စကားသံများကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမော်နိုင်ထွန်းက “ဝန်ထမ်းဘဝဆိုတာ များသောအားဖြင့် ရုံးပိတ်ရက်တွေမှာ မိသားစုနဲ့အတူ အိမ်မှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း ကြရတာ များပါတယ်။ တချို့တွေကတော့ မိသားစုနဲ့ ဘုရားဖူးသွား တာမျိုးရှိသလို မြို့တွင်း လည်ပတ်ကြတာမျိုးလည်း ရှိပါတယ်။ ကျွန်တော်တို့ မိသားစု အနေနဲ့ကတော့ ပိတ်ရက်မှာ မြို့တွင်းဘုရားဖူးသွားတာ များပါတယ်။ အဲဒီလိုနေ့တွေမှာ အလှူအတန်းတွေလည်း လုပ်ဖြစ်ပါတယ်။ ဒီတစ်ခါ ရုံးပိတ်ရက်မှာတော့ မိသားစုနဲ့အတူ မြို့တွင်းဘုရားဖူးသွားမယ်။ ပြည်ထောင်စုနေ့မှာတော့ မဟာဗန္ဓုလ ပန်းခြံမှာလုပ်မယ့် ပြည်ထောင်စုနေ့ အခမ်းအနားကို သွားကြည့်မယ်။ အဲဒီကနေပြန်ရင် ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေ သွားဝယ်မယ်လို့ စိတ်ကူးထားပါတယ်။ အခုလိုရုံးပိတ်ရက်မှာ မိသားစုအတွက် ပျော်ရွှင်မှုတွေ လုပ်ပေးမယ်။ ကိုယ့်အတွက်လည်း ဗဟုသုတ ရှာမှီးတဲ့ အနေနဲ့ စာဖတ်မယ်။ ကုသိုလ်ရတဲ့ အလုပ်တွေကိုလည်း လုပ်သွားမယ်လို့စိတ် ကူးထားပါတယ်။” ဟု ပြောသည်။

MDN