ဝတ်မှုန်ရွှေရည်နှင့်ပရိသတ်များတွေ့ဆုံပွဲကျင်းပ

mdn

ရန်ကုန်    ၂၂    နိုဝင်ဘာ

 

ဝတ်မှုန်ရွှေရည်နှင့် သူ၏ ပရိသတ်များတွေ့ဆုံပွဲ Kit's Fan Meeting ကို နိုဝင်ဘာ ၂၁ရက်က ဂျန်းရှင်းစကွဲတွင် ကျင်းပသည်။  ပရိသတ်များနှင့်အတူ ဓာတ်ပုံများရိုက်ကူးခြင်း၊ ပျော်ရွှင်စရာ ဂိမ်းများဆော့ကစားခြင်း၊ ပရဟိတလုပ်ငန်းများအတွက် စုပေါင်းအလှူများ လှူဒါန်းခြင်းတို့ ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

“ပရိသတ်တွေနဲ့ တွေ့ဆုံဖို့အပြင် အဓိကရည်ရွယ်ချက်တစ်ခုက ပရဟိတအလှူတွေ လှူနိုင်ဖို့လည်း ပါဝင်ပါတယ်။ ပုံမှန်အလှူတွေအပြင်  အကြိုက်ဆုံးတွေဖြစ်တဲ့ ပန်းချီကားလေး၊ သိပ်ကြိုက်တဲ့ အိတ်ကလေး တစ်လုံး၊ ဆုရခဲ့ဖူးတဲ့ ဝတ်စုံလေး အဲဒီသုံးခုကို ရောင်းချပေးသွားပြီး ရတဲ့ငွေကိုလည်း လှူဖို့ရည်ရွယ်လုပ်ဆောင်ခဲ့ပါတယ်”ဟု အကယ်ဒမီ ဝတ်မှုန်ရွှေရည်က ပြောသည်။

 

မထင်မှတ်ထားသည့် ပရိသတ်များကြောင့် ဝမ်းသာပျော်ရွှင်ခဲ့ရပြီး ပရိသတ်များပြားသဖြင့် တစ်ဦး တစ်ယောက်ချင်းစီအတွက် လိုအပ်ချက် များရှိပါကလည်း ခွင့်လွှတ်ပေးစေလိုကြောင်း ဝတ်မှုန်ရွှေရည်က ပြောသည်။ အဆိုပါတွေ့ဆုံပွဲကို ဝတ်မှုန်ရွှေရည်ကိုအားပေးချစ်ခင်ကြ သည့် ပရိတ်သတ်များက စုပေါင်းပြုလုပ်ပေးကြခြင်းကြောင့် ပိုမိုကျေနပ်မိပြီး “ပင်ပန်းပေမယ့် အချစ်ခံရတဲ့အတွက် ဝမ်းလည်း သာတယ်။ ရုပ်ရှင်တစ်ကားရိုက်လိုက်ရသလို အဲဒီနေ့က ပင်ပန်းပါတယ်။ ဒါပေမယ့် တော်တော်လေး ဝမ်းသာမိတယ်” ဟု ဝတ်မှုန်ရွှေရည်ကပြောသည်။

 

ရှီလာ