ဝူဟန် ယူ-၁၄ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲတွင် မြန်မာအသင်း အနိုင်ရ

၂ ဇွန်

တတိယအကြိမ် ဝူဟန် ယူ-၁၄ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း နိုင်ပွဲရရှိခဲ့သည်။ 

မြန်မာ ယူ-၁၄ အသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် အာဆီယံဒေသတွင်းပြိုင်ဘက် အင်ဒိုနီးရှား ယူ-၁၄ အသင်းနှင့် တွေ့ဆုံခဲ့ပြီး လေးဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ နှစ်ပွဲဆက်ရှုံးထားသည့် မြန်မာအသင်းသည် နောက်ဆုံးပွဲတွင် ခြေစွမ်းပြပြီး နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများတွင် အိမ်ရှင်တရုတ်ကို ငါးဂိုးပြတ်၊ အာရှထိပ်သီး တောင်ကိုရီးယားကို ငါးဂိုးပြတ်ဖြင့် ရှုံးနိမ့်သော်လည်း အင်ဒိုနီးရှားကို အနိုင်ရပြီး သုံးပွဲကစားသုံးမှတ်ဖြင့် အုပ်စုတတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာအသင်းသည် အဆင့် (၅) နေရာအတွက် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲကို ဇူလိုင် ၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ရဲရင့်ရှိုင်း