ဝူဟန်ဓာတ်ခွဲခန်းဒါရိုက်တာက ဗိုင်းရပ်စ်နဲ့ဓာတ်ခွဲခန်း ဆက်စပ်မှုမရှိကြောင်း ငြင်းဆို

၁၉ ဧပြီ

 

တရုတ်နိုင်ငံ ဝူဟန်မြို့ ထိပ်တန်းလုံခြုံရေးရှိတဲ့ ဓာတ်ခွဲခန်းရဲ့ ဒါရိုက်တာက ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရင်းမြစ်က ဓာတ်ခွဲခန်းကနေ ထွက်လာတယ်ဆိုတာက မဖြစ်နိုင်ကြောင်း ငြင်းဆိုပါတယ်။ ကပ်ရောဂါကိုင်တွယ်ပုံက ပွင့်လင်းမြင်သာမှုမရှိကြောင်း ဖိအားပေးပြောဆိုမှုတွေ အခုသီတင်းပတ်အတွင်း တရုတ်အစိုးရ ရင်ဆိုင်နေရပါတယ်။

 

တရုတ်သိပ္ပံပညာရှင်တွေကတော့ ဝူဟန်ရှိ တောရိုင်းတိရစ္ဆာန်ပါရောင်းတဲ့ ဈေးတစ်ဈေးကနေ ဗိုင်းရပ်စ်ပိုးဟာ တိရစ္ဆာန်ကနေ လူသားဆီကို ကူးစက်ခဲ့ကြောင်း ပြောပါတယ်။

 

မနေ့ကထုတ်ပြန်ခဲ့တဲ့ တရုတ်အစိုးရ မီဒီယာနဲ့ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်တဲ့ CGTN သတင်းဌာနတွေနဲ့ အင်တာဗျူးမှာ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်း ဒါရိုက်တာ ယူဟန်ဇီမင်းက ဗိုင်းရပ်စ်ပိုးက သူတို့ဆီကနေ ထွက်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ကြောင်း၊ သူတို့ ဓာတ်ခွဲခန်းဝန်ထမ်းတွေ တစ်ယောက်မှ ကူးစက်ခံရခြင်းမရှိကြောင်း၊ ဓာတ်ခွဲခန်းတစ်ခုလုံးက ဗိုင်းရပ်စ်နဲ့ပတ်သတ်တဲ့ အကြောင်းတရားတွေကိုသာ သုတေသနသာလုပ်ကြောင်း ပြောပါတယ်။

 

ဒါပေမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အမေရိကန်အစိုးရက ဗိုင်းရပ်စ်က ဘယ်လိုပုံစံနဲ့ ကမ္ဘာပေါ်ရောက်ရှိလာသလဲဆိုတာကို စုံစမ်းသွားမယ်လို့ ပြောကြားကြောင်းနဲ့အတူ ကောလာဟလကနေ သတင်းအဖြစ် အမေရိကန်နိုင်ငံမှာ အခုသီတင်းပတ်မှာ ရောက်ရှိလာပါတယ်။

 

ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်း P4 အကြောင်းကို တစ်ချို့ သတင်းထုတ်ပြန်ချက်တွေမှာ လူတွေအထင်မှားအောင် ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်နေတယ်။ အဲဒီသတင်းတွေမှာ တိကျတဲ့သက်သေနဲ့ ဗဟုသုတမရှိဘဲ ထင်မြင်ချက်အပေါ်မှာပဲ လုံးဝအခြေခံပြီး ထုတ်ပြန်နေတယ်လို့ ဆိုရပါတယ်။

 

MDN
ကိုးကား - AFP