Yangon Amata Smart and Eco City စီမံကိန်းအတွက် စာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

နေပြည်တော်  ၂၄  ဇန်နဝါရီ

           

Yangon Amata Smart and Eco City စီမံကိန်းအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Amata  Asia (Myanmar) Limited တို့အကြား ဖက်စပ်လုပ်ငန်းသဘောတူစာချုပ်နှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Yangon Amata  Smart and Eco City Limited တို့အကြား မြေငှားစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပသည်။

 

6

 

အခမ်းအနားတွင် Yangon Amata Smart and Eco City စီမံကိန်း၏ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များဗီဒီယိုဖိုင်ကို ပြသသည်။

 

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံ Amata Corporation တို့ ဖက်စပ် စနစ်ဖြင့် ပူးပေါင်း၍ Yangon Amata Smart and Eco City စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခြင်းသည် နှစ်နိုင်ငံအကြား ကောင်းမွန်သော ပူးပေါင်း ဆောင်ရွက်မှုတစ်ခုဖြစ်သည်ဟု ‌ပြောကြားလိုပါကြောင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်လာမည်ဖြစ်သည့်အတွက် နိုင်ငံ၏ စက်မှုကဏ္ဍ၊ နိုင်ငံခြား ပို့ကုန်ကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ မြှင့်တင်ပေးနိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုးရေး အတွက် ကြီးမားသောအထောက်အပံ့များ ဖြစ်စေမည်ဟု မျှော်လင့်ပါကြောင်း။

 

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံ Amata Corporation တို့ အတူတကွ ပူးပေါင်းမှုဖြင့် ခေတ်မီသော စက်မှုမြို့တော်ဖြစ်ထွန်းလာစေရေးအတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း၊ Yangon Amata Smart and Eco City စီမံကိန်းမှတစ်ဆင့် စက်မှုဇုန်စီမံကိန်းများ၊ အခြေခံအဆောက် အအုံကောင်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့်အတူ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုစသည့် ကြီးမားသော အထောက်အပံ့များ ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

5

 

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စစ် ဆူဖက်သရာ ဆီမိုင်းသရီဖိတ်တပ် ၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် ထိုင်းနိုင်ငံ Amata Corporation Public Company Limited ဥက္ကဋ္ဌ Mr. Vikrom Kromadit တို့က အမှာစကားပြောကြားကြ သည်။

 

ထို့နောက် Yangon Amata Smart and Eco City Limited ၏ မန်နေဂျင်းဒါရိုက်တာ Mr. Yasuo Tsutsui က စီမံကိန်းနှင့်စပ်လျဉ်းသည့် အချက် အလက်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ရှေ့မှောက်၌ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်၊ Amata Asia(Myanmar) Limited မှ ဒါရိုက်တာ Mr. Aukkares Choochouyနှင့် Ms. Dendao Komolmas တို့က မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် Amata Asia(Myanmar) Limited တို့အကြား ဖက်စပ်လုပ်ငန်း သဘောတူစာချုပ်ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်၊ Yangon Amata Smart and Eco City Limited ၏ မန်နေဂျင်းဒါရိုက်တာ Mr. Yasuo Tsutsui နှင့် Amata Corporation Public Company Limited မှ Chief Investment Officer, Ms. Ng Choon Soon တို့က မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် Yangon Amata Smart and Eco City Limited တို့အကြား မြေငှားစာချုပ်ကိုလည်းကောင်း အပြန်အလှန် လက်မှတ်ရေးထိုးလဲလှယ်ကြသည်။

 

ထို့နောက် Yangon Amata Smart and Eco City Limited နှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက စီမံကိန်းနှင့်ဆက်စပ်သည့် မူဘောင်သဘောတူညီချက် စာချုပ်များကို လက်မှတ်ရေးထိုးကြသည်။

 

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ လွှတ်တော်ကိုယ်စားလှယ်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် Amata Corporation Public Company Limited မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

နိုင်ငံတကာအဆင့်မီ Yangon Amata Smart and Eco City စီမံကိန်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လေးထောင့်ကန်ကျေးရွာအနီးရှိ မြေဧက (၂၀၀၀)ပေါ်တွင် စက်မှုဇုန် တည်ဆောက်ခြင်းမှတဆင့် အလုပ်အကိုင်အခွင့်အလမ်း (၃၃၀၀၀) အထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)