Yangon Water Bus လမ်းသစ်-ဆာပါချောင်လိုင်း(၁) ဩဂုတ်လတွင် ပြန်လည်ဖွင့်လှစ်မည်

ရန်ကုန် ၂၃ ဇူလိုင်

 

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုတွင် အများပြည်သူသွားလာရေးအတွက် လွယ်ကူမြန်ဆန်စေရန် အထောက်အကူဖြစ်စေသော Yangon Water Bus ပြေးဆွဲမှုကို ဩဂုတ် ၁ ရက်မှစ၍ လမ်းသစ်-ဆာပါချောင်လိုင်း(၁)ကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း Yangon Water Bus ၏ တရားဝင်စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။

 

ထိုသို့ ပြန်လည်ဖွင့်လှစ်ပြေးဆွဲရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်မှုနှင့်အညီ ခရီးသွားများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ထားသူများသာ စီးနင်းခွင့်ရှိမည်ဖြစ်ကြောင်း အသိပေးထားပြီး ရေယာဉ်ဝင်ပေါက်တွင်လည်း အပူချိန်တိုင်းကိရိယာဖြင့် တိုင်းတာသွားမည်ဖြစ်ကြောင်း၊ ပထမဆုံး ပြန်လည်ဖွင့်လှစ်သည့် အထိမ်းအမှတ်အဖြစ် ဩဂုတ် ၁ ရက် တစ်နေ့တာအတွက် အခမဲ့ စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း ဇူလိုင်လဒုတိယပတ်တွင် Yangon Water Bus တရားဝင်စာမျက်နှာတွင် အသိပေးထားကြောင်း သိရသည်။

 

သစ္စာ