ယခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအတွကျောင်းသူ-၅၀ဝမှ ယိမ်းအကဖြင့် ဖွင့်လှစ်မည်

မန္တလေး ၃ ဧပြီ

 

ယခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအတွက် ကျောင်းသူ-၅၀ဝမှ ယိမ်းအကဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။


"ဒီနှစ်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲမှာ ကျောင်းသူ-၅၀ဝ ယိမ်းအကနဲ့ဖွင့်မယ်၊ မဏ္ဍပ်ရှေ့လမ်းပေါ်မှာ ကျောင်းသူလေးတွေက ယိမ်းအက ကမယ်၊မဏ္ဍပ်ပေါ်မှာတော့ စည်ပင်က ယိမ်းအကရှိမယ်၊ နောက်တစ်ခါ မြို့မ တူရိယာအသင်းရှိမယ်၊စိန်တင့်လွင်ရှိမယ်၊နောက်  အကြိုနေ့မနက် ခုနစ်နာရီခွဲမှာ ဖဲကြိုးဖြတ်ပြီးတော့ ဖွင့်မယ်၊ဖဲကြိုးဘယ်သူတွေ လာဖြတ်မလဲဆိုတော့ မန္တလေးမြို့ရဲ့ ဂုဏ်သိက္ခာရှိတဲ့ ဆရာကြီးတွေဖြစ်တဲ့ မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်၊မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆင့်စိုး၊မန်းလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး၊ပန်းချီပညာရှင် ဒေါက်တာဦးကိုကိုကြီး၊ကဗျာဆရာကြီးတက္ကသိုလ်မောင်ထွန်းဝေ တို့က ဖဲကြိုးဖြတ်ပြီး ဖွင့်လှစ်ပေးမယ်"ဟု မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။

 

ပညာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မဲနှိုက်ရွေးချယ်ကာ ကျောင်းအသီးသီးက ကျောင်းသူ-၅၀ဝကို ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

၂၀၁၆ခုနှစ်က ကျောင်းသူ ၁၅၀ဝဖြင့် မဟာသင်္ကြန်မဏ္ဍပ်ကို ဖွင့်လှစ်ခဲ့ပြီး၂၀၁၇ခုနှစ်က ကျောင်းသူ ၃၀ဝ ဖြင့်သာ ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ယခုနှစ်တွင် ယိမ်းကလိုသည့်  ကလေးများ၏ မိဘများမှ တောင်းဆိုချက်အရ ကျောင်းသူ ၅၀ဝအထိ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲကို ဧပြီလ (၁၃)ရက်နေ့၊အကြိုနေ့မနက်ပိုင်း ခုနစ်နာရီခွဲအချိန်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဖွင့်ပွဲဖွင့်လှစ်ချိန်တွင် ငြိမ်းရေးချိုးငှက်ပုံများ ရိုက်နှိပ်ထားသည့် အပြာရောင်မိုးပျံပူပေါင်းများကို လွှတ်တင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ ဆက်လက် သိရပါတယ်။


ဆုဆုရှိ