ယနေ့နံနက်‌စောပိုင်း၌ ရန်ကုန်အင်းစိန်မြို့နယ်ရှိ အောင်ဇေယျတံတားပေါ်မှ ယာဉ်တစ်စီး ပြုတ်ကျမှုဖြစ်ပွား

ရန်ကုန် ၁၂ အောက်တိုဘာ 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ် ရန်ကုန်မြစ်ကူး‌ အောင်ဇေယျ ကြိုးတံတားပေါ်မှ ဖြတ်သန်းမောင်းနှင်လာသော ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ တံတား‌ဘေးသို့ ယနေ့နံနက်အစောပိုင်းက အရှိန်လွန် ပြုတ်ကျသွားကြောင်း သိရသည်။

၎င်းယာဉ်မတော်တဆဖြစ်စဉ်သို့ မီးသတ်ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးမြင့်ဦး ဦးဆောင်သည့် မြောက်ပိုင်းခရိုင် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ အင်းစိန်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား နီးစပ်ရာ လူမှုကယ်ဆယ်ရေးအသင်းများမှ လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

သတင်း- မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ- မျိုးကြီး