ယူအီးအက်ဖ်အေက မန်စီးတီးအား ဥရောပပြိုင်ပွဲပိတ်ပင်မှုနှင့် စပ်လျဉ်း၍ အားကစားဆိုင်ရာခုံသမာဓိရုံးက ဇွန်လအတွင်း ကြားနာမှုဆောင်ရွက်မည်

၂၁  မေ

မန်စီးတီးအသင်းဟာ ဥရောပပြိုင်ပွဲနှစ်ရာသီကြာ ယှဉ်ပြိုင်ကစားခွင့်ပိတ်ပင်ခံရမှုနဲ့ ပတ်သက်ပြီ‌ေ လျှောက်လဲချက်တင်ထားပြီး ဇွန် ၈ ရက်မှာ အားကစားဆိုင်ရာခုံသမာဓိရုံး ကြားနာမှုဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လိုင်စင်နဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိခဲ့တဲ့အတွက် ပရီမီယာလိဂ်ချန်ပီယံ မန်စီးတီးအသင်းကို ဖေဖော်ဝါရီလအတွင်းက ဥရောပဘောလုံး အဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)က ဥရောပပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို နှစ်ရာသီကြောပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းတွေကို မချိုးဖောက်ခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ လက်ရှိမှာ အားကစားဆိုင်ရာခုံသမာဓိရုံးကလည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ခရီးသွားမှုတွေ ကန့်သတ်ထားတဲ့အတွက် ကြားနာမှုတချို့ကို ဗီဒီယိုကွန်ဖရင့်ကနေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ငွေကြယ်