ယူဂန်ဒါနိုင်ငံ မြောက်ပိုင်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွား ငါးဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

၂၄ ဇန်နဝါရီ

 

ယူဂန်ဒါနိုင်ငံမြောက်ပိုင်း နိုရာခရိုင်တွင် ယနေ့ တက္ကစီတစ်စီး ခရီးသွားနေစဉ် တာယာကွဲထွက်ခဲ့ပြီး ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သဖြင့် ငါးဦးသေဆုံးပြီး အခြား ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

 

အရှိန်မြှင့်မောင်းနှင်မှုကြောင့် ယင်းသို့ ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်းဖြစ်သည်ဟု ယူဆရကြောင်း ဒေသန္တရ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျင်မီ အိုကီမာက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ကာရူမာ-ပက်ခ်ဝရှ် တံတားတစ်လျှောက် ကိုလိုလိုကျေးရွာ၌ တက္ကစီတစ်စီး အရှိန်မြှင့်မောင်းနှင်မှုကြောင့်  တာယာကွဲထွက်ကာ လူ ငါးဦးသေဆုံးခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့အမြန်ပို့ဆောင်ခဲ့ကြောင်း အိုကီမာက ပြောကြားခဲ့သည်။

 

ယူဂန်ဒါနိုင်ငံတွင် နှစ်စဉ် ယာဉ်မတော်တဆဖြစ်မှု ၂၀ဝ၀ဝခန့် ရှိပြီး ၂၀ဝ၀ ဦးခန့် သေဆုံးကြောင်း၊ ၎င်းယာဉ်မတော်တဆဖြစ်မှုကြောင့် သေဆုံးမှုနှုန်းအများဆုံးနိုင်ငံများ စာရင်းတွင်ပါဝင်ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

 

မဆင်မခြင်မောင်းနှင်မှု၊ အရှိန်မြှင့်မောင်းနှင်မှု၊ အရက်သောက်မောင်းနှင်မှုနှင့် မတန်တဆ ဝန်တင်ကာမောင်းနှင်မှုတို့ကြောင့် ယာဉ်မတော်တဆဖြစ်မှုနှုန်း မြင့်မားခြင်းဖြစ်သည်ဟု ယူဂန်ဒါရဲတပ်ဖွဲ့က မှတ်ယူသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို