ယူကရိန်းစူပါစတား လိုမာချန်ကိုနဲ့ ယှဉ်ပြိုင်ထိုးသတ်ရန် သဘောတူညီခဲ့တဲ့ သြစတြေးလျ လက်ဝှေ့ကျော် ဂျော့ကမ်ဘိုဆော့

ဩစတြေးလျပရော်ဖက်ရှင်နယ်လက်ဝှေ့သမား ဂျော့ကမ်ဘိုဆော့ဟာ ယူကရိန်းစူပါစတား လိုမာချန် ကိုနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ သဘောတူညီခဲ့ပြီဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံရဲ့ လိုက်ဝိတ်ချန်ပီယံ ဂျော့ကမ်ဘိုဆော့ဟာ လက်ရှိမှာ လိုက်ဝိတ်ပြိုင်ပွဲအဓိကငါးပွဲမှာ လေးပွဲအထိအနိုင်ရပြီး ချန်ပီယံခါးပတ် တွေ ရယူပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

ဂျော့ကမ်ဘိုဆော့နဲ့ လိုမာချန်ကိုတို့ရဲ့ လက်ဝှေ့ပွဲကိုဂျော့ကမ်ဘိုဆော့ရဲ့ ဇာတိမြေဖြစ်တဲ့ ဩစတြေးလျ နိုင်ငံမှာ ဇွန်လအတွင်း ယှဉ်ပြိုင်ထိုးသတ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိ လိုမာချန်ကို

ဟာ ဝိတ်တန်းသုံးခုချန်ပီယံဟောင်းတစ်ဦးဖြစ်သလို အသက် ၂၈ နှစ်အရွယ်ရှိ ကမ်ဘိုဆော့ဟာလည်း နိုဝင်ဘာလအတွင်းက နယူးယောက်မြို့မှာ အမေရိကန်လက်ဝှေ့သမား တီယိုဖီမိုလိုပက်ဇ်နဲ့ ယှဉ်ပြိုင်ထိုး သတ်ခဲ့တဲ့ လိုက်ဝိတ်ပြိုင်ပွဲ မှာ ၁၁၅-၁၁၁၊ ၁၁၃-၁၁၄၊ ၁၁၅-၁၁၂ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဒဗလျူဘီအေ၊ ဒဗလျူဘီအို၊ အိုင်ဘီအက်ဖ်တို့မှာ လောလောလတ်လတ် ချန်ပီယံဖြစ်ထားခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့် ဩစတြေးလျလက်ဝှေ့ကျော် ကမ်ဘိုဆော့အနေနဲ့ ဇွန်လအတွင်း လိုမာချန်ကိုနဲ့ ထိုးသတ်မယ့် ပွဲစဉ်မှာ ဆက်လက်အနိုင်ယူပြီး ချန်ပီယံခါးပတ်သိမ်းပိုက် သွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ငွေကြယ်