အမေရိကန် မရိန်းတပ်ဖွဲ့ လေယာဉ်နှစ်စင်း လောင်စာဆီဖြည့်နေချိန်တွင် တိုက်မိခဲ့ခြင်းဖြစ်

အမေရိကန်မရိန်းတပ်ဖွဲ့ လေယာဉ်နှစ်စင်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်က ဂျပန် အနောက်ဘက်ကမ်းရိုးတန်း၌ တိုက်မိမှုဖြစ်ပွားခဲ့သည်။ လေယာဉ်နှစ်စင်းသည် လောင်စာဆီထပ်ဖြည့်သည့် လေ့ကျင့်ရေး ဆောင်ရွက်နေစဉ်အတွင်း တိုက်မိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အက်ဖ်အေ - ၁၈ တိုက်လေယာဉ်နှင့် ကေစီ - ၁၃၀ လောင်စာဆီလေယာဉ်တို့သည် ရာမာဂူချီ စီရင်စု အီဝါကူနီရှိ အခြေစိုက်စခန်းမှ ပျံသန်းထွက်ခွာလာပြီးနောက် လေ့ကျင့်ရေး ဆောင်ရွက်နေစဉ်အတွင်း တိုက်မိခဲ့ကြခြင်း ဖြစ်သည်။ 

အင်န်အိတ်ချ်ကေ