ချစ်ခင်လေးစားအပ်တဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ခင်ဗျား

မန်မာ့နှစ်သစ်ကူး မင်္ဂလာအခါသမယမှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့တကွ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ယခုလို ကောင်းမြတ်တဲ့ မြန်မာ့နှစ်သစ်ကူး မင်္ဂလာအခါသမယမှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်လင့် တောင့်တနေတဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိပါစေ၊ငြိမ်းချမ်းရေး ရရှိတာနဲ့အမျှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဘက်ဘက်က လျင်မြန်စွာ ဖွံ့ ဖြိုးတိုးတက်ပါစေ၊ ဖွံ့ ဖြိုးတိုးတက်မှု အသီးအပွင့်တွေကို တိုင်းရင်းသားပြည်သူများအားလုံး အတူတကွ မျှမျှတတခံစားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူများအားလုံးရဲ့စည်းလုံးညီညွတ်တဲ့စွမ်းအား၊ ချစ်ကြည်သွေးစည်းတဲ့ ပြည်ထောင်စုစိတ်ဓာတ်တွေကို အရင်းခံပြီး စိတ်သစ် လူသစ်အင်အားသစ်တွေနဲ့ ပြည်ထောင်စုကြီးရဲ့ ရှေ့ဆက်ကြမည့်ခရီးလမ်းကို နားလည်မှု၊ ယုံကြည်မှု၊ အပြန်အလှန် လေးစားတန်ဖိုးထားမှုတွေနဲ့အတူ နိုင်ငံတော်အစိုးရနှင့် လက်တွဲကာဆက်လက်လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး နှစ်သစ်မင်္ဂလာ အခါသမယမှာ လူမှုစီးပွားဘဝများ ပိုမိုမြင့်မားတိုးတက်ပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ။