ယီမင်စစ်ပွဲကြောင့် ပြည်သူသန်း ၂၀ ကျော် အစာရေစာ မလုံလောက်မှုကို ရင်ဆိုင်နေရ

ယီမင်နိုင်ငံသား သန်း ၂၀ ခန့်တို့သည် အစာရေစာ မလုံလောက်မှုကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂအေဂျင်စီက စနေနေ့တွင် ပြောကြားခဲ့သည်။ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု အခြေအနေဆိုးရွားလာမှု နောက်ကွယ်တွင် အဓိကကျသည့်အကြောင်းမှာ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂအေဂျင်စီက ဖြည့်စွက်ပြောကြားခဲ့သည်။

ယီမင်၌ လူပေါင်း ၁၅ ဒသမ ၉ သန်းသည် ဆာလောင်မှုဖြင့် နိုးထလာကြရသည်ဟု စားနပ်ရိက္ခာလုံခြုံရေး စစ်တမ်းကောက်ယူမှုအဖွဲ့၏ အချက်အလက်များကို ကိုးကားလျက် ကုလသမဂ္ဂအဖွဲ့က ဖော်ပြခဲ့သည်။

စားနပ်ရိက္ခာလုံခြုံရေး စစ်တမ်းကောက်ယူမှုအဖွဲ့က ယီမင်ပြည်သူ သန်း ၂၀ တို့မှာ အစာရေစာ မလုံလောက်မှုကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရပြီး ယင်းလူဦးရေသည် ယီမင်နိုင်ငံရှိ လူဦးရေ၏ ၆၇ ရာခိုင်နှုန်းကို ကိုယ်စားပြုနေကြောင်း ဖော်ပြသည်။

ယီမင်နိုင်ငံသား သန်းပေါင်းများစွာတို့ကို ကယ်ဆယ်ရန်အတွက် ယီမင်ရှိ ဧရိယာအားလုံးဆီသို့ အကူအညီအထောက်အပံ့ အလုံးအရင်းရောက်ရှိရန် လိုအပ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အကြီးအကဲ ဒေးဗစ်ဘီစလီက ပြောကြားခဲ့သည်။

အေအက်ဖ်ပီ