ဝက်လက် ၂၉ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီက ကြီးမှူးကာ ဒီဇင်ဘာ လူထုအားကစားလ မာရသွန်အပြေးပြိုင်ပွဲကို ဒီဇင်ဘာ ၃ ဝရက်နေ့ နံနက် ၅နာရီတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနက သိရသည်။
အဆိုပါ မာရသွန် အပြေးပြိုင်ပွဲကို ကျား၊မ အသက်အရွယ် မရွေးဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်မည့် ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက်၄နာရီတွင် ဝက်လက်မြို့ နာရီစင်စုရပ်မှ တာလွှတ်မည့် ရေထွက်တိုးဂိတ်သို့ မော်တော်ယာဉ်ဖြင့် စုပေါင်းခေါ်ဆောင်ကာ နံနက်၅နာရီတွင် တာလွှတ်သွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင်များသည် ရေထွက်၊ ရွှေကျင်၊ လှတော၊ ပင်းဇင်း၊ မကျီးတုံ ကျေးရွာများသို့ ဖြတ်ကျော်ကာ ဝက်လက်မြို့ နာရီစင်တွင် ပန်းဝင်မည်ဖြစ် ကြောင်း ပထမဆုအဖြစ် ငွေကျပ် ၁၅၀ဝ၀ဝ၊ ဒုတိယဆုအဖြစ် ငွေကျပ် ၁၀ဝ၀ဝ၀၊ တတိယဆုအဖြစ် ငှကေပျြ ၅၀ဝ၀ဝ နှင့် စတုတ္ထမှ ဒသမထိပန်းဝင်ပြိုင်ပွဲဝင်များကို ငွေကျပ် တစ်သောင်း ငါးထောင်နှုန်းဖြင့်လည်းကောင်း၊ ပန်းဝင်သူ ပြိုင်ပွဲဝင်အားလုံးကို ငွေကျပ် ငါးထောင်နှင့် ဓာတ်ဆားရည်များ ချီးမြှင့်တိုက်ကျွေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဝက်လက်မြို့နယ်တွင် ဒီဇင်ဘာ ၃၀ရက်နေ့ မာရသွန်ပြိုင်ပွဲဝင်များ အားလုံးကို အောင်စံဖြိုး စက်သုံးဆီ အရောင်းဆိုင်က တီရှပ်ဆင်တူဝတ်စုံများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် ဦးနေစိုးသူရိန်၊ အားကစားမှူး တယ်လီဖုန်းအမှတ်-ဝ၉-၄၀၂၆၀၄၅၀၁ ထံသို့ ပြိုင်ပွဲကျင်းပမည့် ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်း ပြိုင်ပွဲမစမီအချိန်ထိ စာရင်းပေးသွင်းပေးသွင်း ပါဝင်ယှဉ်ပြိုင်နိုင်ပါကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနက သိရသည်။
ဥမ္မာဝင်း(ဝက်လက်)