၀က်ဝက်ကွဲအောင်ပွင့် ရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲပြသ

ရန်ကုန် ၂၀ ဖေဖော်ဝါရီ 

 

ဖေဖော်ဝါရီ ၂၂ ရက်တွင် တစ်နိုင်ငံလုံးရုံတင်ပြသမည့် “ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို ရန်ကုန်မြို့ Junction City (ဗိုလ်ချုပ်ဈေး)ရှိ JCGV ရုပ်ရှင်ရုံတွင် ဖေဖော်ဝါရီ ၁၉ ရက်ညပိုင်းကပြသရာ ရုပ်ရှင်သရုပ်ဆောင်များနှင့် ရုပ်ရှင်ပရိသတ်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။ 

 

အဆိုပါ ဇာတ်ကားတွင် ဒါရိုက်တာ ကျော်ဇောလင်းက အတွေးပုံရိပ်အဖြစ် ရိုက်ကူးထားပြီး ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးနှင့် အကယ်ဒမီ ဝတ်မှုံရွှေရည်တို့က အဓိကသရုပ်ဆောင်ထားပြီး အထူးသရုပ်ဆောင်များအဖြစ် သရုပ်ဆောင်များအဖြစ် အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ နန်းခင်ဇေယျာ၊ ရွှေပိုးအိမ်၊ မိုးပြည့်ပြည့်မောင်၊ အရိုင်း၊ ညှောင်ညှောင်၊ ယွန်းရွှေရည်၊ ဥက္ကာမင်းမောင်၊ ဝေလျံမင်း၊ မင်းဇေနှင့် ဟာသသရုပ်ဆောင်ပေါင်းများစွာက LGBT ဟာသဇာတ်ကားကြီးအနေဖြင့် ပိုးပိုးရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ထားသည်။  

 

(သန့်စင်ဝင်း)