ဝမ်းတွင်း ၁၀ ဇွန် 


    
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ကင်းတားလက်ဝဲမြောင်းမကြီး၏ရေဖြင့် စိုက်ပျိုးထားရှိသော၂၀၁၈၂၀၁၉ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ စံပြကွက်အထူးဇုန်( ဧက ၁၀ဝ ) ယှဉ်ပြိုင်စံပြကွက်(၅)ဧကကွင်း သရုပ်ပြပွဲကို ယနေ့နံနက်(၈)နာရီက ကိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၁၄၀/၂၁၀၅)၊ ဦးပိုင်အမှတ်(၄၁/၁) တောင်သူဦးဖိုးပြား၏ ယာကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

နငက၉၃

 

မိုးကြိုဝါမျိုး ယှဉ်ပြိုင်ကွင်းသရုပ်ပြပွဲတွင် မြို့နယ်အုပ်ရေးမှူးဦးမျိုးတင့် က အဖွင့်အမှာစကားပြောကြား ပြီး မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်လွင်လွင်ထွန်း က ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက် ထင်မြင်ယူဆချက်များအပေါ် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းစိုး က တက်ရောက်လာသောတောင်သူများအနေဖြင့် စိုက်ခင်း၏အားသာချက်၊ အားနည်းချက်၊ နိုင်ငံ၏ရာသီဥတု ပြောင်းလဲမူများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ဒုတိယတိုင်းဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးတက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများက ကွင်းအတွင်းစိုက်ပျိုးထားသည့် ရွှေတောင်၈၊ ငွေချည်၉၊ ရွှေတောင်-၁၀တို့အား ကြည့်ရူ့လေ့လာခဲ့ပြီး ခရိုင်ဦးစီးမှူးဦးစိုးသိန်း က သိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့ကြောင်း  မြို့နယ်ပြန်/ဆက်မှ သိရသည်။

MDN