နေပြည်တော် ၁၇ ဇွန်
ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက် မြန်မာပြည်) နဝရတ်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ယနေ့သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ၏ အရည်အသွေးတိုးတက်မြင့်မားရေးကို တစ်စိတ်တစ်ဒေသအဖြစ် အထောက်အကူပြုစေမည်ဟု မျှော်လင့်ပါကြောင်း၊ သင်တန်းမှ သတ်မှတ်ထားသည့် စည်းကမ်းများကို အဆင့်မြင့်အရာရှိကြီးများက အပြုသဘောအနေဖြင့် လက်ခံပြီး မိမိဌာနအဖွဲ့အစည်း၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားအားထုတ်ကြရန်နှင့် မိမိဌာန အဖွဲ့အစည်း၏ လုပ်ငန်းများ အောင်မြင်တိုးတက်ရန် ပံ့ပိုးနိုင်ရေးအတွက် ခေတ်မီဆန်းသစ်ပြီး သွက်လက်ထက်မြက်သည့် အကြံကောင်းများနှင့် အစွမ်းကုန်ကြိုးစား အားထုတ်ကြပါဟု တိုက်တွန်းလိုကြောင်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲတွင် သင်တန်းသား သင်တန်းသူ (၂၀) တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ ရက်သတ္တပတ် (၈)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)